အေးသန္တာဘို - သူပြန်လာပီလေ
- TeleMeds - A Healthcare Guide
- Dec 26, 2024
- 1 min read

ဘဝရဲ့ အတွေ့အကြုံ တွေ ပြန်စဉ်းစား မိရင် တခါတလေ ခက်ခဲပြီး အရမ်း နာကျင်စရာ တွေ ခံစားမိတယ်။
ကျွန်မ အနေနဲ့ သားသားမီးမီး လေးတွေအရမ်းချစ်တယ်။ ဒါပေမယ့် အခြေအနေ အချိန်ခါ တွေဟာ ကိုယ့်ဘက်မှာကို မရှိဘူး။ ငါ့ဘဝက အားလုံးအတွက် တာဝန်ယူဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ကျရောက်နေတုန်းပါ။
ကျမ ဗိုက်ကြီးနေပီ လို့ ဆီးစစ်တဲ့ မျဉ်းနှစ်ကြောင်းက သက်သေပြနေပီ။ ဒီခလေး ရဲ့ အဖေ ဟာ ကျမရဲ့ ဘဝလက်တွဲဖေါ် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကိုယ်တိုင်လည်း Single Mother အနေနဲ့ရပ်တည်ဖို့ ဝန်မလေးပေမဲ့ ကျမ နိုင်ငံခြားမှာ ပညာသင်ရင်း အလုပ်လုပ်ဖို့ က ရက်ပိုင်းလောက်ပဲ လိုတော့တယ်။ ဒါက ကျမ ဘဝရဲ့ တစစ်ချိုး ကျမမျှော်မှန်းထားခဲ့တာပေါ့။ မဖြစ်ဘူး ဒါ ဘယ်လိုမှ မဖြစ်ရဘူး။
TeleMeds ရဲ့ လမ်းပြမှု့ ကူညီမှု့ နဲ့ အစစ သက်တောင့်သက်သာ နဲ့ ကျမ ကိစ္စအဝဝ ပီးခဲ့ပီး ပုံမှန်နေ့တွေ ပိုင်ဆိုင်ခဲ့တယ်။ ရှေ့ဆက်ခဲ့တယ်။
စိတ်ထဲမှာတော့ ဒီဆုံးဖြတ်ချက်ကို ငါ မဖြစ် စေချင်ဘူး၊ မရောက်ချင်ဘူး။ ဒါပေမယ့် အခြေအနေက ငါ့ကိုယ်တိုင်ရော၊ ရပ် မလို့စဉ်းစားထားတဲ့ ကလေးရဲ့အနာဂတ်ရော စဉ်းစားပေးဖို့အရေးကြီးတယ်။ အချိန်တိုင်းမှာ ကျွန်မ အတော်လေး ဒေါသထွက်မိပါတယ်၊ ဒါပေမယ့် ဒီဆုံးဖြတ်ချက်က ကျွန်မဘဝမှာ မှန်ကန်တဲ့ ကောင်းကျိုးပေးတဲ့ လုပ်ရပ်လို့ အခုတော့ လက်တွေ့သိနေရ ပါပီလေ။
ကျမ မျှော်မှန်းတဲ့ မိသားစု တခုကို ပိုင်ဆိုင်နေပါပီ။ တချိန်က လူဖြစ်ဖို့ အသားစလေး တခုကလည်း ခုချိန် ကျမရင်ခွင်ထည်းက ကျမ ရင်သွေးလေး မဟုတ်ပါဘူး လို့ ဘယ်သူမှ မပြောနိုင်ဘူးမလား။ ကျမတော့ အတတ်ပြောနိုင်တယ် ကျမကိုယ်တိုင် သူ့ကို ခနဆလးစောင့် နော် ဆက်ဆက်ပြန်လာခဲ့ပါ လို့ မှာ ခဲ့တယ်လေ။ ။



Comments