ကိုယ်ဝန်ကျဆေး မသောက်ခင် သိဖို့ မေးခွန်း ၈ ခု ဘာလဲ
- TeleMeds - A Healthcare Guide
- Dec 21, 2024
- 1 min read
Updated: Dec 26, 2024
သောက်ဆေး ဖြငိ့ ကိုယ်ဝန် ရှင်းမယ်ဆို အဓိက မေးခွန်း 8 ချက် သိပီး မှ ဆေးသာက်ပါ။
1. ကိုယ်ဝန်အဆုံးဖို့ သောက်ဆေး MTP Medical Termination of Pregnancy Kit/ Abortion Kit ဆိုတာဘာလဲ။
ဆေးဘက်ဆိုင်ရာ ကိုယ်ဝန်တား MTP အစုံ- MPT Kit တွင် mifepristone x1 pill နှင့် misoprostol x 4 pills ဆေးဝါးနှစ်မျိုးပါရှိသည်။ ကိုယ်ဝန် ၁၃ ပတ်အထိ လုံခြုံစွာ အဆုံးသတ်ရန် ၎င်းကို အသုံးပြုနိုင်သည်။
2. MTP Kit အဲဒီထဲမှာ ဘာဆေးတွေလဲ။ ဘယ်လိုအစွမ်းတေရှိလည်း။
Mifepristone - သန္တေကြီးထွားရန်အတွက် လိုအပ်သောဟော်မုန်းကို ပိတ်ဆို့ထား စေသည်။ Misoprostol - သားအိမ် ကြွက်သားများ ဖြစ်ညှစ်ကြုံ့ထားစေ ခြင်းအားဖြင့် အထှောက်ကူဖြစ်စေသည်။
3. အဲဒါကို ဘယ်လိုသုံးမလဲ။
Mifepristone 1 ပြား (200 mg) ကို ရေနှင့်သောက်ပါ။ 24-48 နာရီကြာပြီးနောက်၊ Misoprostol ဆေး 4 ပြားကို သင့်လျှာအောက်တွင် ထားကာ မိနစ် 30 ခန့် ပျော်ဝင်ပါစေ။ လိုအပ်ရင် ကျန်တာတွေကို မျိုချပါ။
4. ဘေးထွက်ဆိုးကျိုးများနှင့် စောင့်ရှောက်မှု-
ရာသီလာချိန်ကဲ့သို့ ဗိုက်အောင့် ခြင်း နှင့် အနည်း (သို့) အများ သွေးဆင်းခြင်းတို့သည် ပုံမှန်ဖြစ်သည်။ Ibuprofen ကဲ့သို့ အလွယ်ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများသည် နာကျင်မှုကို သက်သာစေနိုင်သည်။ သွေးဆင်းတာအတွက် pads ကိုသုံးပါ။
5. ဘယ်သူတွေ မသုံးသင့်လဲ။ ဘာဆေး နှင့် မတည့် နိုင်သလဲ။
လက်ရှိ ကျန်းမာရေးပြဿနာ ရှိသူများ (ဥပမာ၊ သွေးဆင်းမမှန်ခြင်း၊ ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်း၊ သားအိမ် အပြင်တည်သောကိုယ်ဝန်)။ အချို့သောဆေးဝါးများ (ဥပမာ၊ ketoconazole၊ phenytoin) သောက်သုံးနေသူများ။
6. MTP Kit အဲဒါကို ဘယ်လိုရနိုင်မလဲ။
အကူအညီအတွက် TeleMeds သို့မဟုတ် SafeMeds အတိုင်ပင်ခံများထံ ဆက်သွယ် အကြံရယူပါ။ Ph or Viber: ☎️09 897 124 397
7. ဆေးသောက်ပီး နောက် ဘာတေဖြစ်မာလဲ။
Mussels သားအိမ် ကြွက်သားများ ဖြစ်ညှစ်ခြင်းနှင့် ရာ သွေးဆင်းထွက်ခြင်းများသည် နာရီပိုင်း(၃ နာရီအကြာ) မှ စပီး ရက်အနည်းငယ်(သို့) နှစ်ပတ်ဝန်းကျင်ထိ ေသွးဆင်းခြင်း အသားစများ ဆင်းခြင်း ဖြစ်နိုင်သည်။
8. ဆောင်ရန် ရှောင်ရန်များ
ကောင်းမွန်စွာ အနားယူပြီး ရေဓာတ်ရှိနေရန် ရေ များများသောက်ပါ။ ရေဓါတ် များသော အသီး နှံများစားပါ။ စိတ်အေးချမ်းအောင် ကြိုးစားနေထိုင်ပါ။
လိင်ဆက်ဆံခြင်းအား ဆေးသောက်ပီး နှစ်ပတ် အနည်းဆုံး မလုပ်ရ။
8. နောက်ထပ်အကူအညီဘယ်မှာရနိုင်မလဲ။
နောက်ထပ်လမ်းညွှန်ချက်အတွက် TeleMeds ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုပါ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့စည်းကြီးများ ၏ ချမှတ်သော လုပ်ထုံးလုပ်နည်းများ သက်ဆိုင်ရာ ဆေးဝါးများ လမ်းညွှန်ရရှိရန် TeleMeds သို့ ဆက်သွယ် မေးမြန်းပါ။
Ph or Viber: ၊
📞09 897 124 397





Comments